Kayan Literature committee

ပင်မစာမျက်နာ

Abataraò̌rî

ကယ​န်းစာ​ပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီကို ၂၀ဝ၀ခုနှစ်၊ ဧပြီလ၈ရက်မှ၁၀ရက်နေ့အထိကျင်းပသော ပန်ပက်ညီလာခံတွင် စတင်အတည်ပြုကာ ဖွဲ့စည်းခဲ့သည်။ ကယန်းစာ​​ပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီ၏ အဓိကရည်ရွယ်ချက်မှာ - ကယန်းစာပေနှင့် ယဉ်ကျေးမှု ဖော်ထုတ် ထိန်းသိမ်းရေး၊ ကယန်း အမျိုးသားဇာတိဂုဏ်မြင့်မားရေး နှင့် သင့်မြတ်ငြိမ်းချမ်းသော လူ့အသိုက်အဝန်း တည်ဆောက်ရေးဟူ၍ဖြစ်သည်။ ကယန်း စာပေနှင့် ယဉ်ကျေးမှုဗဟို ကော်မတီကိုအဖွဲ့ဝင် (၂၁)ဦးဖြင့်ဖွဲ့စည်းထားသည်။ ကယ​န်းစာ​ပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီသည် အဓိကအားဖြင့် ကယန်းစာပေသင်ကြားခြင်း လုပ်ငန်းများ၊ ကယန်းစာအုပ် ထုတ်လုပ်သည့် လုပ်ငန်းများနှင့် ကယန်းရိုးရာ ဝတ်စုံများ ထုတ်လုပ်ခြင်းလုပ်ငန်းများကို လုပ်ကိုင် လျှက်ရှိသည်။ ယခုအခါတွင် ကယ​န်းစာ​ပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီ၏ရုံကို အမှတ် ၄၅၇၊ (၁၄) လမ်း၊ နာနတ်တော ရပ်ကွက်၊ လွိုင်ကော်မြို့၊ ကယားပြည်နယ်တွင် ဖွင့်လှစ်ထားရှိ ပါသည်။

ကယန်းအမျိုးသား သီချင်း နားထာင်ရန် နှိပ်ပါ။